၁၇ စက်တင်ဘာ ၂၀၁၈

ရုရှား လူမှုကွန်ရက် စာမျက်နှာ VK က မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အသုံးပြုနေတဲ့ စာမျက်နှာ ကို ပိတ်ပင်လိုက် ပါတယ်။
စက်တင်ဘာလ ၁၇ ရက် မနက် ဗိုလ်ချုပ်မှူးကြီးရဲ့ VK စာမျက်နှာ ကို သွားကြည့်ရာမှာ VK ရဲ့ စည်းကမ်းချက်တွေနဲ့ မကိုက်ညီတဲ့ အတွက် ပိတ်ထားပါတယ်လို့ ရေးထားတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက နိုင်ငံတွင်းမှာ အမုန်းစကားတွေ ဖြန့်ဝေမှုကြောင့်ဆိုပြီး Facebook က တပ်မတော် ခေါင်းဆောင်ရဲ့ စာမျက်နှာကို ပိတ်ပင်ခဲ့ပြီး ၄၈ နာရီအတွင်းVK မှာ စာမျက်နှာသစ် ဖွင့်ခဲ့တာဖြစ်ပါတယ်။

VK ကို ဘီဘီစီက ဆက်သွယ် မေးကြည့်တော့ ဒီကွန်ရက် အသုံးပြုသူတွေထဲက တိုင်ကြားသူ အများအပြား ရှိလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာမျက်နှာကို လုံးဝပိတ်ရတယ်လို့ ဖြေကြားပါတယ်။
သူတို့ ဝက်ဆိုက်က မြန်မာ စကားပြောသူတွေ ခေါ်ယူပြီး မြန်မာ ဘာသာ စာမျက်နှာတွေကို စောင့်ကြည့်နေတယ်လို့လည်း VK က ပြန်ကြားပါတယ်။
သူတို့ စည်းကမ်းနဲ့ မညီတဲ့ ရေးသားမှုတွေကို ဖျက်ပစ်တယ်လို့ VK က ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်လာနိုင်မလား
ncG1vNJzZmivp6x7o67CZ5qopV%2BXwrO5xKycaJqlp7qieZNubG5oYmaC